ယနေ့ (၁၉.၁၂.၂၀၂၃) အင်္ဂါနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ ဒီဇင်ဘာ ၁၉၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3465 – 3515
ဥရောပယူရို 3650 – 3750
ဗြိတိသျှစတာလင်ပေါင် 4240 – 4420
သြစတြေးလျဒေါ်လာ 2250 – 2330
ဂျပန်ယန်း 23.60 – 24.30

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.30 – 41.70
စင်ကာပူဒေါ်လာ 2530 – 2620
မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 450 – 480
ထိုင်းဘတ် 96.70 – 99.20

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3700,000 – 3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးဖွင့်ရက် တနင်္လာနေ့က ရွှေဈေးသည် တစ်ကျပ်သားလျှင် 3695,000 – 3705,000 ဝန်းကျင်ဖြင့် စတင်ခဲ့ပြီး ကြားထဲတွင် 3685,000 ကျပ်သို့ ကျပြီးမှ ညနေပိုင်းတွင် 3690,000 – 3700,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3616,200 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2024 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် ဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်သည်ဟု ထုတ်ပြန်ထားသည်။

မှတ်ချက် – Current Content က စုစည်းတင်ပြထားသော နိုင်ငံခြားငွေဈေးများနှင့် ရွှေဈေးနှုန်းများသည် နေရာဒေသအလိုက် ကွာဟနိုင်ပြီး အချိန်နှင့် တပြေးညီ အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။ (ယခုသတင်းကို တစ်ဆင့် ကူးယူဖော်ပြခွင့် မပြုပါ)

Share