ဒီနေ့ မတ်ပဲဈေးကွက် (၉.၅.၂၀၂၄)

ဒီနေ့ဈေး (၉.၅.၂၀၄)

ရန်ကုန်မတ်ပဲ Raw ဈေး – 305500 >306500
နယ်မတ်ပဲဈေး – 100300 > 100600

မနေ့ကဈေး (၈.၅.၂၀၂၄)

ရန်ကုန်မတ်ပဲ Raw ဈေး – အဖွင့် 304500 အပိတ် 305000
(တစ်နေ့တာ အနိမ့်ဆုံး 304000 အမြင့်ဆုံး 305000)
နယ်မတ်ပဲဈေး – 99800/100000

မတ်ပဲသတင်း

ဒီအပတ်မှာ မတ်ပဲ Raw ဈေးက ကျပ် 304000/305000 ပတ်လည် လှုပ်ရှားနေပြီး သင်္ကြန်အလွန် အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ကျပ် 315000 နဲ့ ယှဉ်ရင်တော့ ကျဆင်းနေဆဲ ဖြစ်ပါတယ်။

အလားတူ နယ်မတ်ပဲဈေးကလည်း ကျပ် 99700/100000 ပတ်လည်မှာ သွားနေပြီး ကုန်သည်တွေဘက်က ထိန်းဝယ်နေတဲ့ ပုံစံကြောင့် ပြန်လည်မတက်၊ ဆက်လည်း မကျဘဲ အစုန်အဆန် လည်နေပါတယ်။

သတင်းတစ်ခုအရ ပြည်ပကို ပဲတင်ပို့သူတွေဟာ ပို့ကုန်လိုင်စင်ရဖို့အရေး ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး သယ်ယူသိုလှောင်စရိတ်တွေလည်း မြင့်မားနေတဲ့အတွက် တောင်သူတွေဆီက ပဲဝယ်ရာမှာ ဈေးနှိမ်ပြီးတော့ ဝယ်နေရတယ်လို့ သိရပါတယ်။

တောင်သူတွေဘက်ကတော့ ကုန်သည်တွေက ခုသာခံသာ ဖြစ်အောင် ဈေးတိုးမပေးဘဲ ထိန်းဝယ်နေတဲ့အပေါ် စိတ်ပျက်နေကြပြီး ပို့ကုန်လိုင်စင်ကိစ္စတွေ မြန်ဆန်သွက်လက်မှ ဈေးပြန်ကောင်းမလို ဖြစ်နေပါတယ်။ သတင်းရေးသူ – ဖီးနစ်

Share