ပြင်ပရွှေဈေး ကျပ် သိန်း ၅၀ ကျော်၊ ဒေါ်လာဈေး ကျပ် ၄၀၀၀ ခန့်အထိ ရောက်လာ
အခုတလော ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ ဆက်တိုက် မြင့်လာနေပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်း ၅၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်အထိ ရောက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့ရက်တွေတည်းက ရွှေဈေးဟာ နေ့စဉ်လိုလို ဆက်တိုက် တက်လာပြီး မနေ့က တစ်ကျပ်သားကို ကျပ် သိန်း ၅၀ ကျော်ကို စ ရောက်ခဲ့ပြီး ဒီနေ့မှာလည်း ကျပ် ၅၀၁၅,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ “ဒီနေ့ခင်းဈေးက ၁၆ ပဲရည်က ကျပ်သိန်း ၅၀ နဲ့ ၂ သောင်းဝန်းကျင်၊ ၁၅ ပဲရည်က ၄၇ သိန်းကျော်တယ်” လို့ ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင်တဦးက ယနေ့ခေတ်သတင်းမှာ ပြောဆိုထားပါတယ်။ ရွှေဈေးက ...