ပြင်ပရွှေဈေး ကျပ် သိန်း ၅၀ ကျော်၊ ဒေါ်လာဈေး ကျပ် ၄၀၀၀ ခန့်အထိ ရောက်လာ

အခုတလော ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ ဆက်တိုက် မြင့်လာနေပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်း ၅၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်အထိ ရောက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့ရက်တွေတည်းက ရွှေဈေးဟာ နေ့စဉ်လိုလို ဆက်တိုက် တက်လာပြီး မနေ့က တစ်ကျပ်သားကို ကျပ် သိန်း ၅၀ ကျော်ကို စ ရောက်ခဲ့ပြီး ဒီနေ့မှာလည်း ကျပ် ၅၀၁၅,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ “ဒီနေ့ခင်းဈေးက ၁၆ ပဲရည်က ကျပ်သိန်း ၅၀ နဲ့ ၂ သောင်းဝန်းကျင်၊ ၁၅ ပဲရည်က ၄၇ သိန်းကျော်တယ်” လို့ ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင်တဦးက ယနေ့ခေတ်သတင်းမှာ ပြောဆိုထားပါတယ်။ ရွှေဈေးက ...

Share

ဒီနေ့ မတ်ပဲဈေးကွက် (၁၇.၅.၂၀၂၄)

ဒီအပတ် မတ်ပဲဈေးဟာ တစ်ရက်လောက် ငြိမ်ခဲ့တဲ့ရက်က လွဲရင် တောက်လျှောက် မြင့်တက်လာပြီး မတ်ပဲ Raw သာမက နယ်ဈေး၊ ဘုရင့်နောင်ဒိုင်ဈေးတွေပါ အကုန် တက်နေပါတယ်။

Share

ရွှေအသင်း ရွှေဈေး သိန်း ၄၀ အောက်မှာပဲ ရှိနေပေမဲ့ ပြင်ပရွှေဈေး သိန်း ၅၀ ကျော်ကို ရောက်

ဒီနေ့ မေလ ၁၆ ရက်မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ရွှေဈေးက တစ်ကျပ်သားကို ကျပ် သိန်း ၄၀ အောက်မှာပဲ ရှိနေပေမဲ့ ပြင်ပရွှေဈေးကတော့ ကျပ် သိန်း ၅၀ ကျော်အထိ စံချိန်တင် မြင့်လာပါတယ်။

Share

ကမ္ဘာ့ရွှေဈေး ငြိမ်နေပေမဲ့ ပြည်တွင်းရွှေဈေး သိသာစွာ မြင့်လာ

ကမ္ဘာ့ရွှေဈေး ခပ်ငြိမ်ငြိမ်လေး သွားနေပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ မနေ့တည်းက ကျပ် ၄၉ သိန်းကို ရောက်လာပြီး ဒီနေ့မှာလည်း ကျပ် ၄၉ သိန်းခွဲဝန်းကျင်အထိ ဆက်တက်နေပါတယ်။

Share

ယနေ့ (၁၅.၅.၂၀၂၄) ဗုဒ္ဓဟူးနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ မေ ၁၅ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

Share

အိန္ဒိယမှာ ဒီတစ်ပတ်တာ မတ်ပဲဈေး ငြိမ်နေနိုင်တယ်လို့ ခန့်မှန်း

ဒီအတောအတွင်း အိန္ဒိယက ထိပ်တန်းဝယ်လက်တွေဟာ ငွေသား ကျပ်တာနဲ့ စရိတ်စက ကြီးမားမှုတွေကြောင့် ကွန်တိန်နာနဲ့ သင်္ဘောမတင်တော့ဘဲ သီးသန့်ကုန်တင်သင်္ဘောတွေကိုသာ ပြောင်းလဲ အသုံးပြုလာတဲ့အတွက် မြန်မာမတ်ပဲ တင်သွင်းမှု လျော့နေတယ်လို့ သိရပါတယ်။

Share

ဘရာဇီးနဲ့ အာဂျင်တီးနားဆီက မတ်ပဲတွေ တိုးမြှင့် တင်သွင်းနိုင်ဖို့ အိန္ဒိယ မျှော်မှန်းနေ

အရင် ၂၀၂၂-၂၃ ရာသီမှာ အိန္ဒိယရဲ့ မတ်ပဲတင်သွင်းတဲ့ ပမာဏက တန်ချိန် ၅.၂၄ သိန်းသာ ရှိခဲ့ရာက အခု ၂၀၂၃-၂၄ မှာတော့ ၁၉ ရာခိုင်နှုန်းအထိ တိုးလာပြီး တန်ချိန် ၆.၂၃ သိန်းအထိ ရှိလာတယ်လို့ I Grain India စာရင်းအရ သိရပါတယ်။

Share

ရွှေဈေးကွက်မှာ မတော်ဝိသမလောဘတွေကို အရေးယူဖို့ ဌာနဆိုင်ရာက ဆက်လုပ်နေ

"ဌာနဆိုင်ရာဘက်ကလည်းတောက်လျောက်လုပ်နေတယ်။ သူတို့တိုင်စာ၊တန်းစာတွေ အကုန်လုံး အရေးယူ ဆောင်ရွက်နေတယ်။ ၇ ဆိုင်လောက်ကတော့ အရေးယူခဲ့တာကို တရားဝင်ကြေညာပြီးပြီ။ ကျန်တာတော့ ဆက်လက်အရေးယူဖို့ စစ်ဆေးတုန်းပဲရှိသေးတယ်" လို့ ဦးမျိုးမြင့်က ပြောဆိုပါတယ်။

Share

ဘဏ္ဍာနှစ်အစ ဧပြီလမှာ မြန်မာ့ပဲမျိုးစုံ တန်ချိန် နှစ်သိန်းနီးပါး ပြည်ပကို တင်ပို့

လက်ရှိ ပြည်တွင်းပဲဈေးကွက်ဟာ သင်္ကြန်နောက်ပိုင်းတည်းက အေးနေခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည် တက်ရိပ်ပြလာပေမဲ့ သင်္ကြန်မတိုင်ခင်အခြေအနေကို ပြန်မရောက်သေးဘဲ ဖြစ်နေပါတယ်။

Share

ထိုင်းဆန်ဈေး နှစ်လအတွင်း အမြင့်ဆုံးရောက်ပြီး အာရှဆန်တွေ ဈေးကောင်းလာ

အာရှဆန်တွေကို ဝယ်လိုအား ကောင်းမွန်လာတဲ့အတွက် ဒီအပတ်မှာ ထိပ်တန်း ဆန်ပို့ကုန်နိုင်ငံတွေရဲ့ ဆန်ဈေးတွေ အမြင့်ကို ရောက်လာပြီး ထိုင်းဆန်ကလည်း နှစ်လအတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။

Share
1 2 3 66