ယနေ့ (၂.၅.၂၀၂၄) ကြာသပတေးနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ မေ ၂ ၊ ၂၀၂၄ (ကြာသပတေးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3910 – 3960
ဥရောပယူရို 4190 – 4280
ဗြိတိသျှစတာလင်ပေါင် 4760 – 4860
သြစတြေးလျဒေါ်လာ 2455 – 2600
ဂျပန်ယန်း 24.80 – 25.35

တောင်ကိုရီးယားဝမ် 2.80 – 2.90
အိန္ဒိယရူပီး 46.35 – 47.40
စင်ကာပူဒေါ်လာ 2820 – 2870
မလေးရှားရင်းဂစ် 870 – 880
တရုတ်ယွမ် 530 – 540
ထိုင်းဘတ် 104.70 – 106.90

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4760,000 – 4770,000 ဝန်းကျင်နှင့် ဈေးဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် 4745,000 – 4750,000 ဈေးသို့ ကျလာသော်လည်း ညနေပိုင်းတွင် 4760,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4470,000 ခန့် ဖြစ်သည်။

ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4750,000 – 4760,000 ဖြင့် ဈေးဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် 4720,000 – 4725,000 အထိ ဆက်တိုက် ကျဆင်းကာ ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3999,800 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2319 ဒေါ်လာခန့် ဖြစ်သည်။

မှတ်ချက် – Current Content အနေဖြင့် အရောင်းအဝယ် မလုပ်ပါ။ ယခုရှာဖွေစုစည်းတင်ပြထားသော ပြင်ပဈေးကွက် နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် နေရာဒေသအလိုက် ကွာဟနိုင်ပြီး အချိန်နှင့် တပြေးညီ အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။ (ယခုသတင်းကို တစ်ဆင့် ကူးယူဖော်ပြခွင့် မပြုပါ)

Share