ယနေ့ (၂၃.၇.၂၀၂၃) တနင်္ဂနွေနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ ဇူလိုင် ၂၂၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန် ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ကို အကန့်အသတ်ဖြင့် စတင် ထုတ်ဝေမည်ဟု ယနေ့ နံနက်ပိုင်းက ကြေညာခဲ့သည့်နောက် ယနေ့ ဈေးပိတ်ရက်တွင် နိုင်ငံခြားငွေဈေး အလှုပ်အခတ် ဖြစ်ပေါ်ခဲ့သည်။

 

သို့သော် တနင်္လာနေ့ ဈေးဖွင့်ရက်တွင် ဖြစ်ပေါ်သည့် ဈေးနှုန်းများကသာ အတည်ပြုနိုင်မည် ဖြစ်၍ ယခု ဖော်ပြသည့် ရွှေဈေး၊ ငွေဈေးများမှာ ခန့်မှန်းဈေးများသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အမေရိကန်ဒေါ်လာ 3100 – 3300 (ညနေပိုင်း ဒေါ်လာတစ်သောင်းစည်းဈေး 3550 – 3650)
ဥရောပယူရို 3450 – 3530
ဗြိတိသျှစတာလင်ပေါင် 3980 – 4070
သြစတြေးလျဒေါ်လာ 2085 – 2135
ဂျပန်ယန်း 21.62 – 22.12

တောင်ကိုရီးယားဝမ် 2.43 – 2.49
အိန္ဒိယရူပီး 37.84 – 38.71
စင်ကာပူဒေါ်လာ 2330 – 2384
မလေးရှားရင်းဂစ် 679 – 695
တရုတ်ယွမ် 432 – 440
ထိုင်းဘတ် 90.09 – 92.17

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3300,000 – 3400,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3100,000 ကျပ် ဝန်းကျင် ရှိနေသည်။ (ယနေ့ ညနေပိုင်း 3550,000 – 3650,000 နှင့် အရောင်းအဝယ် ဖြစ်သည်ဟု သိရသည်)

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3272,000 – 3277,000 ကျပ် ဖြစ်ခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ယမန်နေ့က ရည်ညွှန်းရွှေဈေးသည် 2310,300 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1961 ဒေါ်လာခန့် ဖြစ်သည်။

မှတ်ချက် – Current Content က စုစည်းတင်ပြထားသော နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် အချိန်နှင့် တပြေးညီ အပြောင်းအလဲ ဆက်ဖြစ်နိုင်သည်။ (ယခုသတင်းကို တစ်ဆင့် ကူးယူဖော်ပြခွင့် မပြုပါ)

Share