ယနေ့ (၁.၅.၂၀၂၄) ဗုဒ္ဓဟူးနေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ မေ ၁ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3920 – 3970
ဥရောပယူရို 4190 – 4280
ဗြိတိသျှစတာလင်ပေါင် 4760 – 4860
သြစတြေးလျဒေါ်လာ 2490 – 2550
ဂျပန်ယန်း 24.70 – 25.25

တောင်ကိုရီးယားဝမ် 2.80 – 2.90
အိန္ဒိယရူပီး 46.75 – 47.75
စင်ကာပူဒေါ်လာ 2830 – 2880
မလေးရှားရင်းဂစ် 870 – 880
တရုတ်ယွမ် 530 – 540
ထိုင်းဘတ် 104.70 – 106.90

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4750,000 – 4760,000 ဈေးဖွင်ခဲ့ပြီးနောက် 4720,000 – 4730,000 ကျပ်သို့ ဆက်ကျသွားသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4460,000 ခန့် ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ထိုးကျလာသဖြင့် မြန်မာ့ရွှေဈေးလည်း ပြန်ဆင်းလာသည်။

ယမန်နေ့ (အင်္ဂါနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4810,000 – 4830,000 ဖြင့် ဈေးဖွင့်ခဲ့သည့်နောက် 4815,000 မှ 4785,000 – 4775,000 သို့ ဆက်တိုက် ကျဆင်းကာ ဈေးပိတ်ခဲ့သည်။

ယနေ့သည် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က နေ့စဉ် ထုတ်ပြန်နေကျ သတ်မှတ်ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ယနေ့ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် 2287 ဒေါ်လာခန့် အထိ ထိုးကျနေသည်။

မှတ်ချက် – Current Content အနေဖြင့် အရောင်းအဝယ် မလုပ်ပါ။ ယခုရှာဖွေစုစည်းတင်ပြထားသော ပြင်ပဈေးကွက် နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် နေရာဒေသအလိုက် ကွာဟနိုင်ပြီး အချိန်နှင့် တပြေးညီ အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။ (ယခုသတင်းကို တစ်ဆင့် ကူးယူဖော်ပြခွင့် မပြုပါ)

Share