ယနေ့ ပြည်တွင်းပဲမျိုးစုံဈေးနှုန်းများ (1.5.2024)

ယနေ့ (၁.၅.၂၀၂၄) ဗုဒ္ဓဟူးနေ့သည် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်သောကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင် အပါအဝင် ကုန်စည်ဒိုင်အချို့ ပိတ်ပါသည်။ သို့သော် ယနေ့ ဈေးဖွင့် ရောင်းဝယ်ကြသော နယ်ပဲမျိုးစုံဈေးနှုန်းများနှင့် ရွှေဈေး၊ ဒေါ်လာဈေးများကိုမူ လက်လှမ်းမီသလောက် တင်ပြလိုက်ပါသည်။

ယနေ့ ရန်ကုန်မတ်ပဲ Raw ကို 307500 နှင့် ဈေးဖွင့်ထားပြီး other point ဈေးမှာ ကျပ် 306000/307000 ဝန်းကျင် ရှိနေသည်။ နယ်ဈေးများမှာ ကျပ် 1 သိန်းအထိ ပြန်ကျလာပြီ ဖြစ်သည်။

နယ်မတ်ပဲဈေး ကျလာသလို ပဲစင်းငုံနီနယ်ဈေးမှာလည်း ယနေ့ ဈေးဖွင့်ရောင်းဝယ်သော အောင်လံဈေးကွက်တွင် ကျပ် 129000 ဈေး ရှိနေကြောင်း သိရသည်။

အိန္ဒိယတွင် ပဲသိုလှောင်မှုများနှင့် ပတ်သက်၍ အစိုးရက မသင်္ကာ ဖြစ်လာသည့်အတွက် တာဝန်ရှိသူများကို မြေပြင်အထိ ကွင်းဆင်း စစ်ဆေးရန် ညွှန်ကြားထားပြီး ပြည်နယ်အချို့တွင် စတင်စစ်ဆေးနေပြီဟု သိရသည်။

ရန်ကုန်၊ ခရမ်းသုံးခွနယ်ဘက်တွင် ဖြစ်ပေါ်နေသာ ပဲတီစိမ်းဈေးနှုန်းများမှာ ရေဆင်းလုံးကြီး ထိပ်စ 74000 – 76000 ကျပ်၊ ခွဲပဲ အလတ်စ 67000 – 71000 ကျပ်၊ ရွှေဝါ လတ်စ ထိပ်စဈေး 75000 – 83000 ရှိနေသည်။

ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်ရှိ ပဲမျိုးစုံပေါက်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
မတ်ပဲ – 100000
လွန်းဖြူ –
လွန်းနီ –
ရွှေဝါ – 66500
ဆီတိုး – 62000
ပဲတီစိမ်းနီ – 92000
ဘိုကိတ် –
ပဲယင်း – 60000
ဝါးခယ်မ (ထိပ်စ) – 74000
မြစ်ဝ – 70000
ပဲကြီး – 86000
ပြောင်း – 20200

ယနေ့ ပြင်ပငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် 3920 -3970 ကျပ် ခန့် ရှိနေပြီး ပြင်ပရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4760,000 ခန့် ဖြစ်သည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 4470,000 ခန့် ရှိနေသည်။

Current Content က ယခု တင်ပြထားသော ဈေးနှုန်းများသည် အချိန်နှင့် နေရာအလိုက် ကွာဟမှု ရှိနိုင်ပြီး အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။

Share