ဒီနေ့ မတ်ပဲဈေးကွက် (၂.၅.၂၀၂၄)

ဒီနေ့ဈေး (၂.၅.၂၀၄)

ရန်ကုန်မတ်ပဲ Raw ဈေး – 306500 > 305500 > 306000
နယ်မတ်ပဲဈေး – 100500 > 100000 > 100300

မနေ့ကဈေး (၁.၅.၂၀၂၄)

ရန်ကုန်မတ်ပဲ Raw ဈေး – 307500
Other raw point – 307000/306000/304000
နယ်မတ်ပဲဈေး – 100300 > 100000 > 99500

မတ်ပဲသတင်း

မနေ့က မေလ ၁ ရက်ဟာ ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်လို့ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် အပါအဝင် ကုန်စည်ဒိုင်တွေ ဈေးပိတ်ခဲ့ပေမဲ့ ဈေးဖွင့်ရောင်းဝယ်တာလည်း ရှိခဲ့ပါတယ်။

ဒီအပတ် အကျနဲ့ စဖွင့်ခဲ့တဲ့ မတ်ပဲဈေးဟာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်ပြီး မနေ့က နယ်ဈေးတန်းက ကျပ် တစ်သိန်းအောက်အထိ ကျခဲ့ပြီး ဒီမနက်မှ ပြန်တက်လာပါတယ်။

အိန္ဒိယမှာလည်း စားသုံးသူရေးရာက တာဝန်ရှိသူတွေက ပဲဂိုဒေါင်တွေအထိ ကွင်းဆင်းပြီး သတ်မှတ်ပမာဏ ကျော်လွန် သိုလှောင်ထားသူတွေကို စစ်ဆေး ဖော်ထုတ်နေပါတယ်။

ဒီသတင်းကြောင့် မြန်မာဈေးကွက်မှာပါ ဂယက်ရိုက်လာပြီး တချိန်တည်းမှာ အိန္ဒိယဘက်က မတ်ပဲဝယ်အား လျော့နေတာနဲ့ မြန်မာကနေ အိန္ဒိယကို ပဲသင်္ဘောတင်ရာမှာ ကွန်တိန်နာ ရှားနေတဲ့ပြဿနာကြောင့်လည်း မတ်ပဲဈေးတွေ ကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းရေးသူ – ဖီးနစ်

Share