ဒီနေ့ မတ်ပဲဈေးကွက် (၁.၅.၂၀၂၄)

ဒီနေ့ဈေး (၁.၅.၂၀၄)

ရန်ကုန်မတ်ပဲ Raw ဈေး – 307500
Other Point Raw 307000/306000/304000
နယ်မတ်ပဲဈေး – 100300 > 100000 > 99500

မနေ့ကဈေး (၃၀.၄.၂၀၂၄)

ရန်ကုန်မတ်ပဲ Raw ဈေး – အဖွင့်ဈေး 307500 အပိတ်ဈေး 306500
(တစ်နေ့တာ အမြင့်ဆုံး 307500 / အနိမ့်ဆုံး 306000)
နယ်မတ်ပဲဈေး – 100300/100500

မတ်ပဲသတင်း

မြန်မာမတ်ပဲ ဝယ်လက် ဖြစ်တဲ့ အိန္ဒိယမှာ အစိုးရက ပဲသိုလှောင်သူတွေကို ကွင်းဆင်းစစ်ဆေးမယ့်သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အရင်ရက်တွေက ဈေးငြိမ်ခဲ့တဲ့ မတ်ပဲ၊ ပဲစင်းငုံဈေးတွေ ကျလာပါတယ်။

အိန္ဒိယမှာ ပဲဈေးတွေ ကျလာသလို မြန်မာမတ်ပဲဈေးတွေလည်း ဆက်တိုက်ဆိုသလို ကျလာပြီး မတ်ပဲ Raw က ကျပ် 310000 ဈေးတန်းအောက်ကို ဆင်းလာပါတယ်။ နယ်မတ်ပဲဈေးကလည်း ကျပ် 100000 သိန်းနားအထိ တရိပ်ရိပ် ကျဆင်းလာပါတယ်။

သင်္ကြန်နောက်ပိုင်း ပြည်တွင်းမတ်ပဲဈေးဟာ အတက်အကျ ခပ်ပါးပါးနဲ့ လှုပ်ရှားနေရာက ဒီအပတ်မှာ သိသာစွာ ကျလာတဲ့အတွက် နောက်ရက်တွေမှာ ပြန်တက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီနေ့ကတော့ မေလ ၁ ရက်နေ့ (ကမ္ဘာ့အလုပ်သမားနေ့) ဖြစ်လို့ ကုန်စည်ဒိုင်ကြီးတွေ ပိတ်ပါတယ်။ သတင်းရေးသူ – ဖီးနစ်

 

Share