ကမ္ဘာ့ရွှေဈေး တစ်လနီးပါးအတွင်း အနိမ့်ဆုံးကို ထိုးကျလာ

အရှေ့အလယ်ပိုင်းအရေး ငြိမ်သွားတဲ့နောက် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းကိစ္စကို အာရုံ ပြန်စိုက်လာတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးဟာ တစ်လနီးပါးအတွင်း အနိမ့်ဆုံးထိ ကျဆင်းသွားပါတယ်။

ဒီနေ့ မေလ ၁ ရက်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၂၈၇ ဒေါ်လာဈေးအထိ ကျခဲ့ပြီး နောက်ပိုင်းမှသာ ၂၂၉၁ ဒေါ်လာကို ပြန်တက်လာပေမဲ့ ဧပြီ ၅ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်နေတဲ့အပြင် တစ်အောင်စ ဒေါ်လာ ၂၃၀၀ ဈေးတန်းအောက်ကိုပါ ပြုတ်ကျလာပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ သင်္ကြန်မတိုင်ခင် ဧပြီ ၁၂ ရက်နေ့က တစ်အောင်စကို ၂၄၃၁.၂၉ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန် ရောက်ခဲ့ပြီး အခုတော့ အဲဒီဈေးကနေ ဒေါ်လာ ၁၄၀ ကျော်လောက် ပြန်ကျနေပါတယ်။

ရင်သီတင်းပတ်တွေတုန်းက ရွှေဈေးအတက်အကျကို အကဲဖြတ်ဖို့ အရှေ့အလယ်ပိုင်း ပဋိပက္ခသတင်းကို အာရုံစိုက်ခဲ့ရာက အခုတော့ အမေရိကန်ဗဟိုဘဏ်နဲ့ အမေရိကန်ရဲ့ငွေဖောင်ပွမှုကို ပြန်ကြည့်လာရပါတယ်။

တကယ်လို့သာ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေကြေးမူဝါဒကို မဲတင်းထားမယ့်လေသံမျိုး ပြောလာရင် ရွှေဈေးက နောက်ထပ် ဒေါ်လာ ၃၀ – ၄၀ လောက် ကျနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ရွှေဈေး သိသာမြင်သာ ပြန်ကျလာချိန်မှာ ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၄၇ သိန်း အပေါ်မှာ ဆက်ရှိနေပြီး ဒီနေ့မှာ ၄၇ သိန်း ၆ သောင်းနဲ့ ဈေးဖွင့်ရာက အခုတော့ ၄၇ သိန်း ၂ သောင်းခန့်ကို ကျလာတယ်လို့ သိရပါတယ်။ Ref: Yahoo News စာရေးသူ – ငွေကြယ် (သတင်းကို ပြန်ကူးချခွင့် မပြုပါ)

Share